ကလေးများနဲ့ skin allergic ဖြစ်တတ်တဲ့သူများအတွက် အထူး cream
- Aug 13, 2017
- 1 min read
Atopalm
ကလေးများအတွက် အထူးထုတ်လုပ်ထားတဲ့ skin care brand လေးပါ။ အသားအရည်ခြောက်သွေ့သူ၊ sensitive ဖြစ်တဲ့သူတွေလည်း အသုံးပြုနိုင်ပါသည်။ ဒီ skin care brand လေးရဲ့ အကြောင်းကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီ brand ရဲ့ founder ဖြစ်တဲ့ Dr. Park ဟာသူရဲ့သားလေးမှာ အရေပြားတွေ ခြောက်သွေ့ကွဲအက်၊ အရေပြားတွေကွာကျပြီး နာကျင်တာကြောင့် သူ့ရဲ့သားလေးကို ကုသပေးဖို့ နည်းလမ်းရှာဖွေရာကနေ hypoallergenic formula နဲ့ MLE technology ကိုရှာဖွေတွေ့ရှိခဲ့တာပါ။ MLE technology ဆိုတာက ကျွန်မတို့ အသားအရည်မှာရှိတဲ့ အဆီလွှာကိုတုပြီးထုတ်ထားတာဖြစ်ပါတယ်။ အရေပြားလွှာအောက်မှာရှိတဲ့ အဆီလွှာလေးတွေဟာ ပြင်းထန်စွာပျက်စီးသွားတဲ့အခါမှာ သူ့ဘာသာအလိုအလျောက်ပြန်လည် မပြုပြင်နိုင်တော့ပါဘူး။ ဒါပေမယ့် atopalm moisturizing cream ကတော့ လိမ်းလိုက်တဲ့အခါမှာ အသားအရည်ထဲကို လျင်မြန်စွာ စိမ့်ဝင်ပြီး ပျက်စီးသွားတဲ့ အသားအရည်တွေကို သဘာဝအတိုင်းအလိုအလျောက် ပြုပြင်ပြန်လည်ထိန်းသိမ်းနိုင်အောင်ဆောင်ရွက်ပေးပါတယ်။ အရေပြားခြောက်သွေ့ပျက်စီးတဲ့သူတွေ၊ allergic ဖြစ်တတ်တဲ့သူတွေနဲ့ allergic ကြောင့်ဖြစ်တဲ့ အရေပြားယားယံတာတွေ၊ အရေပြားမှာ အနီကွက်ထတာတွေအတွက် အထူးပဲသင့်လျော်ပါတယ်။

Comments