Body skin care cream
- Aug 12, 2017
- 1 min read
Eve cream
အသားအရည်တွေ ခြောက်သွေ့ လျော့လျဲနေလို့ ဒါမှမဟုတ် အရေပြားတွေမဲညစ်နေလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် Eve cream-W လေးကိုမိတ်ဆက်ပေးပါရစေ။ ကျွန်မတို့တွေဟာ အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာလည်းပဲ အလုပ်လုပ်နိုင်စွမ်းဟာလဲ လျော့ကျလာပြီး ဆဲလ်တွေပျက်စီးမှုကလဲ စတင်လာပါတယ်။ အဲ့ဒီအခါမှာ အရေပြားတွေလျော့လျဲပြီး တွဲကျတာတွေ၊ အရေပြားတွေ မဲညစ်လာတာတွေဖြစ်လာပါတော့တယ်။ အသက်တွေကြီးလာမှ မဟုတ်ပါဘူး။ နေလောင်တာတွေ၊ လေထုညစ်ညမ်းမှုတွေကလဲ အရေပြားကို ပျက်စီးစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ Eve cream ဟာ အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့် ပျက်စီးသွားတဲ့ အသားအရည်ကို eve cream မှာ အဓိကပါဝင်တဲ့ volufiline ကပြုပြင်ထိန်းသိမ်းပေးပါတယ်။ volufiline က ခန္ဓာကိုယ်မှာရှိတဲ့ အဆီတစ်ရှူးတွေထဲမှာ အဆီထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ ရင်သားအလှခရင်မ်တွေမှာ အသုံးများလေ့ရှိပါတယ်။ စေးကပ်မှုမရှိစေတဲ့အတွက်ကြောင့် လိမ်းထားချိန်မှာ အ၀တ်တွေကို ပေကျံစေတာမျိုးလဲ မရှိပါဘူး။ Eve cream မှာ anti-winkle and brightening ပါဝင်ပြီး ကိုယ်ခန္ဓာမှာသာတင်မကပါဘူး မျက်နှာမှာအသုံးပြုလို့လဲ ရပါတယ်။ ပါဝင်တဲ့ ပမာဏကလဲ တစ်ဘူးမှာ ၁၀၀ ml ပါဝင်တာကြောင့် တစ်ဘူးဝယ်ထားရင် အချိန်အကြာကြီးသုံးလို့ရပါတယ်နော်။

Comments